ဟင်္သာတ ၃  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင်  စေတနာရှင်ပြည်သူများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံ လှူဒါန်းခဲ့ကြသည့် အစားအသောက်နှင့် အသုံးအဆောင်ပ စ္စည်းများကို ယနေ့နံနက်ပိုင်းက မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦး‌‌ကျော်စိုး၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကိုကိုဦး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးမျိုးတင့်ဇော်နှင့် တာဝန်ရှိသူများက စောင့်ကြည့်ရေးစခန်းများသို့ သွားရောက် ဆက်လက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

124

 

ဟင်္သာတ မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်ပမှ ပြန်လာသူ များကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း၊ အထက(ဒူးယား)၊ သမိုင်(မူလွန်)တလုတ္ထော်၊ အထက (နတ်မော်)၊ အထက (ရှားခဲ)၊ အထက(ယုန်သလင်း)၊ နိဗ္ဗာန်တိုက် နယ်ဆေးရုံ၊ အထက(ဓမ္ဘီ)နှင့် ဟင်္သာတ တက္ကသိုလ်စသည့် စုစုပေါင်း(၉)နေရာတို့တွင် Facility Quarantine ပြုလုပ်၍ ကျန်းမာရေး စောင့်ရှောက်မှုများဖြင့် ၁၄ ရက်စောင့်ကြည့်‌ ပေးလျက်ရှိပြီး ယနေ့အချိန်ထိ အမျိုးသား(၁၉၉)ဦးနှင့် အမျိုးသမီး(၄၈)ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

 

10125

 

 မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံသို့ စေတနာရှင်များက လာရောက် လှူဒါန်းမှုအပြင် အဆိုပါစောင်ကြည့်ရေးစင်တာများသို့လည်း ပုဂ္ဂလိကအလှူရှင်များ၊ ပရဟိတအဖွဲ့ အလှူရှင်များက တိုက်ရိုက်သွားရောက်ပြီး လှူဒါန်းခြင်းများ ရှိကြောင်းသိရပြီး လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် အလှူငွေများလှူဒါန်းလိုပါက ဦးဝင်းဇော်(ဝ၉-၇၉၆၅၉၉၉၉၀)၊ ဦးရှည်ကြီး(ဝ၉- ၇၆၅၂၀၈၁၉၄)၊ ဦးတင်နိုင်လင်း(ဝ၉-၅၂၀၈၂၂၈)၊ AYA BANK account No-002 222 20 138 968 69 နှင့် အာဟာရနှင့် ပစ္စည်းများ လှူဒါန်းလိုပါက ဦးကျော်သန်း(ဝ၉-၅၀၂၁၈၇၃)နှင့် ဒေါ်မိုးမိုးအေး(ဝ၉-၅၀၃၅၂၈၉)တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

 

 

ကျော်ကျော်(ပြန်/ဆက်)