ကျောက်ဆည် ၃ ဧပြီ

 

ကျောက်ဆည်မြို့၊အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့  ကိုဗစ်-၁၉ ရောဂါလူနာ တွေ့ရှိပါက ကုသရန် အတွက် ဧပြီ(၃)ရက်နံနက်(၁၀)နာရီက မြန်မာသံတော်မြတ်ကုမ္ပဏီမှ ငွေကျပ်သိန်း (၁၄၀) တန်ဖိုးရှိ Portable X-Ray(100 MA) Machine တစ်လုံးနှင့် Ventilator တစ်လုံး ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

678

 

လှူဒါန်းခြင်းနှင့် ပတ်သတ်၍ ဆေးရုံကြီးတွင် Portable X-Ray(100 MA) Machine နှင့် Ventilator များရှိသော်လည်း ကိုဗစ်-၁၉ ရောဂါလူနာတွေ့ရှိခဲ့ပါက သီးခြားစက်အသုံးပြုမှရမည့် အခြေအနေ ဖြစ်သောကြောင့် လှူဒါန်းရခြင်းဖြစ်ကြောင်း အလှူရှင်မြန်မာသံတော်မြတ်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ကျောက်ဆည်မြို့ အထွေထွေကုပြည်သူ့ဆေးရုံကြီးတွင် ယခုအချိန်အထိ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသလူနာ မရှိသေးကြောင်းနှင့် မြို့နယ်အတွင်းတွင်လည်း လူနာတစ်ယောက်မျှမရှိသေးကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်၏ပြောကြား မှုအရသိရှိရသည်။

 

သက်မောင် (ကျောက်ဆည်)