မိုင်းဖြတ် ၃ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်Covid-19 ရောဂါ ကာကွယ်ထိန်းချုပ် ရေးကုသရေးဆိုင်ရာ ကော်မတီဝင်များသည်။ Coronavirus Disease 2019(COV-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ဧပြီလ ၃ ရက်နေ့ နံနက် ၈ နာရီခွဲက ကျေးရွာများသို့ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းများ၊မြို့နယ် Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကုသရေးဆိုင်ရာ ကော်မတီဝင်များ ပါဆန်း၊ နမ့်လောက်၊ တာမ စသည့်ကျေးရွာများသို့ သွားရောက်၍ 2019(COVID-19) ရောဂါ လျင်မြန်စွာကူးစက်ပျံ့နှံမှုကို ထိန်းချုပ်နိုင်ရန်အတွက် လက်ကိုင် Speaker များဖြင့် ပြည်ပမှပြန်လည်ဝင်ရောက်လာပြီး သက်ဆိုင်ရာသို့ သတင်းမပို့ရှိဘဲသော် လည်းကောင်း၊ သက်ဆိုင်ရာ Home Quarantine လုပ်ခိုင်းခြင်း၍သော်လည်းကောင်း မိမိတို့ နေအိမ်များတွင် နေထိုင်သူများအနေဖြင့် နေထိုင်ရာဒေသရှိ Community Based Facility Quarantine ပြုလုပ်ရန် ပြင်ဆင်ထားသည့်နေရာများသို့ မပျက်မကွက်နေထိုင်ရေးတို့ကို မြန်မာ၊ ရှမ်းဘာသာများဖြင့် အသိပညာပေးပန်ကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ ကော်မတီအဖွဲ့မှ ပါဆန်းကျေးရွာတွင် Community Based Facility Quarantine ပြုလုပ်နေထိုင်သည့် ပြည်ပမှပြန်လည် ဝင်ရောက်လာသူများအား အားပေးစကားပြောကြားခြင်း၊ စနစ်တကျ နေထိုင်ခြင်းဖြင့်စသည့် လက်ကိုင် Speaker ဖြင့် အသိပေးပန်ကြားပြီး အလှုရှင်များမှ လှူဒါန်း သည့် Mask များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


