တောင်သာ  ၃  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားလာခြင်း မရှိစေရေးအတွက်  နေ့စဉ်အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ  ဧပြီလ(၃)ရက်၊နံနက် (၉)နာရီက တောင်သာမြို့အဝင် မိတ္ထီလာကားလမ်း၊ ကျောက်ပန်းတောင်းကားလမ်းနှင့် မြင်းခြံကားလမ်းများတွင် တောင်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ကျန်းမာရေးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ခရီးသွားကားများ၊ ဆိုင်ကယ်များနှင့် ခရီးသွား ပြည်သူများ မြို့တွင်းဝင်ရောက်သူများအား ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးခြင်း၊ မှတ်တမ်းရယူခြင်းနှင့် အသိ ပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

1585

 

ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် အခြားဒေသနှင့်နိုင်ငံရပ်ခြားပြန် ခရီးသွားပြည်သူ များအား ကိုယ်ရေး အချက်အလက်များ ကောက်ယူစစ်ဆေးခြင်း၊ အပူချိန်တိုင်း ကိရိယာဖြင့် ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားရေး မရှိစေရေးအတွက် လူထူထပ်သော နေရာများမသွားရန် အရေးကြီးကိစ္စမှလွှဲ၍ အိမ်အပြင် မထွက်ရန်၊ နှာခေါင်းစည်းများ တပ်ရန်၊ မိဘပြည်သူများက ကျန်းမာရေးအသိ ကျန်းမာရေးသတိဖြင့် ပူးပေါင်းလိုက်နာ ဆောင်ရွက်ရန် စသည့်များကို အသိပညာပေးခဲ့ကြောင်း သိရသည်။

 

ကျော်မျိုးနိုင်(တောင်သာ)

 

402