ထန်တလန် ၃ ဧပြီ

 

ချင်းပြည်နယ် ထန်တလန်မြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စျေးသူစျေးသားများနှင့် စျေးအတွင်းသွားလာကြသည့် ပြည်သူများအား  COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါမဖြစ်ပွားစေရေးအတွက် ယနေ့မွန်းလွဲ ၃ နာရီမှစတင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက စည်ပင်သာယာရေးအဖွဲ့ မြို့မစျေးအတွင်း/အပြင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လည်းကောင်း၊ ထန်တလန်မြို့နယ် ခန်းမနေရာများ၌ (Pleaching Pounder) ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ မြို့နယ်ကုသရေးဆရာဝန်ကြီး ဒေါက်တာထွန်းပွားနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါ (Pleaching Pounder) ပိုးသတ်ဆေးကို ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

ယောန (ပြန်/ဆက်)