နေပြည်တော် ၃ ဧပြီ

 

Coronavirus Disease 2019 (COVID–19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် အလှူရှင်များကိုယ်စား ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက လှူဒါန်းရသည့် အကြောင်းရင်းအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့က လှူဒါန်းငွေ ကျပ် ၄၃၈၀၁၀၀ နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက လှူဒါန်းငွေ ကျပ် ၃၀၀၀၀၀၀ တို့ကို လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

သတင်းစဉ်

 

092857397443