ရန်ကုန် ၃ ဧပြီ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း Covid-19 ရောဂါ ကာကွယ်ရေး Sodium Hypochlorite ဆေးဖျန်းခြင်းလုပ်ငန်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်းပြီး ယနေ့နံနက် ၈ နာရီမှ စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်မင်း၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဉီးစီးမှူး ညွှန်ကြားရေးမှူး ဉီးမျိုးဝင်း၊ အနောက်ပိုင်းခရိုင် မီးသတ်ဉီးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဉီးဌေးဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်မီးသတ်ဉီးစီးမှူးများ၊ စခန်းတာဝန်ခံများ ဉီးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၆၀)ဉီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀) ဉီး၊ ပရဟိတအဖွဲ့ဝင် (၂၀)ဉီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ (၃)ရပ်ကွက်၊ (၉)ရပ်ကွက်အတွင်းရှိ စာသင်ကျောင်း၊ စျေး၊ လမ်းများအတွင်းသို့ Covid-19 ရောဂါကာကွယ်ရေး Sodium Hypochlorite ဆေးဖျန်းခြင်းလုပ်ငန်းများကို အဖွဲ့လိုက်ခွဲ၍ ဧပြီ ၃ ရက် နံနက် ၈ နာရီမှ မွန်လွဲ ၂ နာရီထိ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)


