လွိုင်ကော် ၄ ဧပြီ

 

ကယားပြည်နယ်အစိုးရဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြန်မာအသံနှင့် ရုပ်မြင်သံကြား တိုင်းရင်းသားရုပ်သံလိုင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက လွိုင်ကော်မြို့  မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါဆွေးနွေးပွဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးကျော်သန်းလင်း၊ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဌေးလွင်၊ လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့် ရပ်မိရပ်ဖ ဦးသန်းစိုး (ရွှေလွိုင်ကော် ) ပရဟိတ လူမှုကူညီရေးအသင်းတို့မှ ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှု အပိုင်း၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား Facility Quarantine ထားရှိဆောင်ရွက်ပေးထားမှု အပိုင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အပိုင်း၊ ပြည်သူများသို့ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားရှိသည့် အပိုင်းများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထွန်းလေး(ပြန်/ဆက်)