မကွေး ၄ ဧပြီ
မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရုပ်ရှင်၊ ဂီတအနုပညာရှင်များ၏ အသိပညာပေး ပိုစတာများပြသကာ ပြည်သူတစ်ရပ်လုံး လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို ရုံးရှေ့တွင် နံရံကပ် ပိုစတာပြသခြင်း၊ မကွေးမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ မော်တော်ယာဉ်ဖြင့် လှည်လည်နိူးဆော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းနှင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ လှည်လည်နှိုးဆော်ခြင်းကို မကွေးခရိုင်ပြန်/ဆက် ဝန်ထမ်းများ ဦးဆောင်မှုဖြင့် Women Club အဖွဲ့၊ Book Club အဖွဲ့ဝင်များ၊ စာရေးဆရာအသင်း၊ ရောင်စုံမေတ္တာ လူမှုကယ်ဆယ်ရေးအသင်းနှင့် သုခဘုံ လူမှုကူညီရေး အသင်းတို့ ပူးပေါင်းကာ နေ့စဉ်လှည့်လည်နှိုးဆော်ခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


