ဇီးကုန်း  ၅  ဧပြီ 

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးအတွက် အထောက်အကူပစ္စည်းများ လှူဒါန်းပေးအပ်ခြင်းကို  ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

7247

 

အဆိုပါ လှူဒါန်းပွဲတွင် သရေစည်သူ ဦးဉာဏ်ထွန်း - ဗိုလ်မှူး ဒေါ်ခင်အေးမြင့်(ငြိမ်း) မိသားစု တို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အထောက်အကူပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ(၅)စုံ ၊ Hand Gel ဘူး ၁၀ဝ၊  နှာခေါင်းစည်း(MasK) ခုရေ ၂၀ဝ၀ နှင့် ငွေကျပ် (၃) သိန်း ကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဝင်းမြင့်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

 

တင့်ဆွေ(ဇီးကုန်း)