တာမိုးညဲ    ၆  ဧပြီ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် ပြည်သူလူထုများ(ကိုဗစ်-၁၉) ရောဂါကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုယ်အပူချိန်တိုင်းသည့် ကိရိယာ(သာမိုမီတာ)၊ နှာခေါင်းစည်းများနှင့် Hand Gel တို့ကို ဧပြီ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် တာမိုးညဲမြို့၊ မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ဥက္ကဌဦးမြင့်လွင်က လှူဒါန်းသည်။

“ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူတွေ စိုးရိမ်နေကြတဲ့အချိန်မှာ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ယခုလို လာရောက်လှူဒါန်းပေးတဲ့အတွက် ပြည်သူတစ်ဦးအနေနဲ့ အရမ်းဝမ်းသာမိပါတယ်”လို့ တာမိုးညဲမြို့၌ နေထိုင်သူ မအိုက်ဆေးက ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများလာရောက်လှူဒါန်းခြင်း အပေါ် ကျေးဇူးတင်ဝမ်းသာကြောင်း ပြောကြားသည်။

 

‌ေ

 

အဆိုပါ လာရောက်လှူဒါန်းသည့် (ကိုဗစ်-၁၉) ရောဂါကြိုတင်ကာကွယ်ရေးအထောက်အကူပြုပစ္စည်း ကိရိယာများကို တာမိုးညဲမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးထွန်းနိုင်က လက်ခံခဲ့ပြီး တာမိုးညဲမြို့၌ (ကိုဗစ်-၁၉) ရောဂါကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဌေးဌေးကြည်(ပြန်/ဆက်)