ရန်ကုန် ၆  ဧပြီ 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပျံ့နှံ့မှုကာကွယ်၊ ထိန်းချုပ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း အမှတ်(၂၁၂)ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း(ရန်ကုန်)ရုံးရှိ ရုံးခန်းများကို ယနေ့နံနက်ပိုင်းတွင် ပုဇွန်တောင်မြို့နယ် ကလျာဏလူငယ်များပရဟိတအသင်းဥက္ကဋ္ဌ ဦးစန်းထွန်းဦး ဦးဆောင်သည့် လူငယ်များက ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးကြသည်။

 

‌ေ

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပျံ့နှံ့မှုကာကွယ်၊ ထိန်းချုပ်ရေးအတွက် သတင်းနှင့်စာနယ်ဇင်း (ရန်ကုန်)ရုံးသို့ ရုံးကိစ္စဖြင့် လာရောက်ကြသည့်ဧည့်သည်များနှင့် လမ်းသွားလမ်းလာခရီးသွားပြည်သူများ အသုံးပြုနိုင်ရန် ရုံးရှေ့၌လည်း လက်သန့်ဆေးရည်များနှင့် လက်ဆေးကန်များကိုလည်း ဆောင်ရွက်ပေးထားသည်။

 

‌ေ

 

ကလျာဏလူငယ်များပရဟိတအသင်းမှ မောင်ကောင်းမြတ်သူက “ကျွန်တော်တို့ လူငယ်များပရဟိတအသင်းက ပုဇွန်တောင်မြို့နယ် ရပ်ကွက်တွေမှာလည်း ပိုးသတ်ဆေးဖျန်းခြင်းနဲ့  သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို  ကူညီဆောင်ရွက်ပေးတဲ့အပြင် ခရီးသွား ပြည်သူတွေအများဆုံး သွားလာကြတဲ့ မဟာဗန္ဓုလပန်းခြံမှာလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပျံ့နှံ့မှု ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာရွက်များ ဝေငှခြင်း၊ လက်သန့်ရှင်းရေးအတွက် လက်သန့်ဆေးရည် ဝေငှခြင်းတို့ကို ဆောင်ရွက်ပေးကြပါတယ်”ဟု ပြောသည်။

သတင်း၊ဓာတ်ပုံ-ဇော်မင်းလတ်(MNA)