ပွင့်ဖြူ ၆ ဧပြီ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ စားငှား၊ စာဖတ်လာရောက်သည့် ပြည်သူများအား အပူချိန်တိုင်းကိရိယာဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စာငှား၊ စာဖတ် လာရောက်ကြသည့် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရုံးအတွင်းမဝင်မီ လက်ဆေးခြင်းများကို ပြုလုပ်ဆောင်ရွက်စေခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှ ကျန်းမာရေး စေတနာ့ဝန်ထမ်းများအဖွဲ့က ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


