ရေတာရှည် ၆ ဧပြီ    

 

ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးသည် ဧပြီ    ၆ရက် ညနေ ၄ နာရီခွဲက ရေတာရှည်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ စောင့်ကြည့်ရေးစခန်းဖြစ်သည့် အ.ထ.က (ရေတာရှည်) တွင်  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍   ရေတာရှည်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။

 

2020

 

ထို့နောက် ရေတာရှည်မြို့နယ် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပွယ်စေးမှ ပိုးသတ်ဆေး(၆)ပုံး၊ အင်ဂျင်ပါ ဆေးဖြန်းပုံး(၂)ပုံး၊ Mask (၁၀၀၀) ခု၊ ဆပ်ပြာဆီဘူး (၂၂) ဗူးကို  ပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်နှင့် ကော်မတီအဖွဲ့ဝင်များမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ဆု(ပြန်/ဆက်)