ဝါးခယ်မ  ၇  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ  ကူးစက်ပျံ့နှံ့မှု   မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့ပေါ်ရပ်ကွက်များအား လူမှုရေး အသင်းအဖွဲ့များက ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

755

 

" ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့တွေ စုပေါင်းပြီး  ကိုဗစ်-၁၉ရောဂါ  ကူးစက်ပျံ့နှံ့မှု  မဖြစ်ပွားစေဖို့ ကြိုတင် ကာကွယ်တဲ့အနေနဲ့ ဆေးဖျန်းခြင်းလုပ်ငန်းတွေကို ပြုလုပ်ပေးနေပါတယ်။ မြို့ပေါ်ရပ်ကွက် တွေမှာ လမ်းတွေ၊ နေအိမ်တွေ အပါအဝင်ပေါ့ ဌာနဆိုင်ရာရုံးတွေ၊ ဘာသာရေး အဆောက်အဦတွေ၊ ခရီးသွား ပြည်သူတွေများတဲ့ ကားဂိတ်တွေ၊ သင်္ဘောဆိပ်တွေ၊ စာသင်ကျောင်းတွေ၊ ဈေးတွေမှာ ပိုးသတ်ဆေးဖျန်းတာတွေ လုပ်ပေးနေပါတယ်။ တခြားကျေးရွာတွေမှာလည်း ကျွန်တော်တို့လို ဆေးဖျန်းတာတွေ လုပ်လာတာတွေ့ရတယ်။ သူတို့တွေအတွက်လည်း ကျွန်တော်တို့ဘက်က လိုအပ်ရင် လိုအပ်သလို ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ် " ဟု ဘက်စုံစုပေါင်းကွန်ရက်မှ ဦးကျော်စိုးနိုင်က ပြောသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)

 

204215