ယင်းမာပင် ၇ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် ဧပြီ ၇ ရက် နံနက်ပိုင်းက မုံရွာ-ပုလဲ-ဂန့်ဂေါ ကားလမ်းမ ယင်းမာပင်မြို့အဝင်တွင် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်း ရှိ/မရှိကို ခရီးသွားပြည်သူများအား စစ်ဆေးခြင်းနှင့် မြို့မဈေးတွင် Mask များ ဖြန့်ဝေခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းအဖွဲ့သည် အနယ်နယ်အရပ်ရပ်မှ မိမိဒေသသို့ပြန်လည် ဝင်ရောက်လာသည့် ပြည်သူများအား ယင်းမာပင်မြို့အဝင် ရွာသာယာ-နှောရိုးလမ်းဆုံတွင် အပူချိန် တိုင်းတာခြင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာပေးခြင်းများနှင့် မြို့မဈေးတွင် Mask များဖြန့်ဝေခြင်းများ ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ယင်းမာပင်မြို့တွင် ဒေသခံပြည်သူများနှင့် မိမိဒေသသို့ပြန်လာသော ပြည်သူများအား ကိုရိုနာ ဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကင်းဝေနိုင်စေရန်နှင့် ရောဂါအန္တရယ်နှင့် ပတ်သက်၍ ကြိုတင် ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ရမည့် အချက်များကို တာဝန်ရှိသူများမှ တိုက်တွန်းနှိုးဆော် ဆောင်ရွက်လျက်ရှိရာ ပြည်သူများမှလည်း လိုက်ပါဆောင်ရွက်နိုင်ရေး ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ၏ အသိပညာပေးပိုစတာများဖြင့်လည်း အထူးအလေးထား၍ လှည့်လည်ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


