ကလိန်အောင် ၇  ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် နယ်စပ်ဖြစ်သည့် ကလိန်အောင်မြို့ မလွှဲတောင် စစ်ဆေးရေးဂိတ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ကာကွယ်တားဆီးရေး လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

3228

 

ထို့သို့ ဆောင်ရွက်ရာတွင် မလွှဲတောင်စစ်ဆေးရေးဂိတ်မှပူးပေါင်းအဖွဲ့၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် ရေဖြူမြို့နယ် ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ Corona Virus 2019 (ကိုဗစ်-၁၉) အဆုတ်ရောင်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးအတွက် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဂိတ်ဖြစ်သည့် မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဝင်/ထွက် ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသည်ယာဉ်၊ ဆိုင်ကယ်များမှ ခရီးသည်များအား ကျန်းမာရေး စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော ကြေငြာချက်များနှင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ကော်မတီအဖွဲ့ဝင်အသင်း(၈)သင်းခွဲ၍ ဧပြီလ (၃၀)ရက်နေ့အထိ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်ပြန်ဆက်

 

6844