မုဒုံ ၇  ဧပြီ      

 

မွန်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကျေးရွာနေပြည်သူများ သိရှိလိုက်နာရမည့် အချက်များကို လိုက်လံ အသိပေးနှိုးဆော်ခဲ့သည်။

 

7442

 

အဆိုပါ ပူးပေါင်းအဖွဲ့သည် မှိန်ဂနိမ်းကျေးရွာ၊ ကျောက်တလုံးကျေးရွာနှင့် နိုင်ပြိုင်ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် စည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ ကျန်းမာရေးညွှန်ကြားချက်များကို လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်ဆက်

 

22770