ရိခေါ်ဒါရ် ၇ ဧပြီ
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ပြည်သူ အမျိုးသားလူငယ်ငါးဦးတို့သည် တရုတ်နိုင်ငံမှ ပြန်လာပြီး ဧပြီ ၅ ရက်က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြရာ ရှာဖွေရေးနှင့် စစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များနှင့် ရပ်ကွက်လူငယ်အဖွဲ့များ၏ ကြိုတင်စီစဉ်ထားသည့် အထကခွဲကျောင်း၌ Community Based Facility Quarantine (၁၄)ရက် စောင့်ကြည့်ခြင်းခံယူရန် နေရာချထား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ပမှ ပြန်လာသူ လူငယ်ငါးဦးတို့ စောင့်ကြည့်ထားရှိရာ အထကခွဲကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်ကို ဧပြီ ၆ ရက်က ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံဝန်ထမ်းများက ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျန်းမာရေးဌာနမှ စောင့်ကြည့်ခံ လူငယ်ငါးဦးတို့၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ လက်ရှိအခြေအနေအထိ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ပြည်ပမှ ပြန်လာသူ စောင့်ကြည့်ခံလူငယ်တို့၏ ကျန်းမာရေးအခြေအနေကို ကျန်းမာရေးဌာနမှ နေ့စဉ်စစ်ဆေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပက်ကာ (ပြန်/ဆက်)


