၇ ဧပြီ
ဇင်ဘာဘွေနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ တစ်ဦး ရှိလာပြီးနောက် အတည်ပြု ၁၀ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့်ကလေးစောင့်ရှောက်ရေး ဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ထပ်မံတွေ့ရှိရသူ တစ်ဦးမှာ Harare ပြည်နယ် ဒေသခံ အသက်၂၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်က ဗြိတိန်နိုင်ငံမှ ပြန်ရောက်လာခြင်း ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။ထိုအမျိုးသမီးသည် နေအိမ်မှာပင် သီးသန့်ခွဲခြားနေထိုင်ပြီး ဆေးပညာရှုထောင့်အရ တည်ငြိမ်နေသည်ဟု ၎င်းဝန်ကြီးဌာနက ထပ်လောင်းပြောကြားသည်။
ကိုဗစ်-၁၉ ကူးစက်ခံရသူ အခြားကိုးဦးမှာ နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်ကြကြောင်းနှင့် ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။
ဧပြီလ ၁၉ ရက်နေ့တွင် အဆုံးသတ်မည့် ၂၁ ရက်ကြာ အသွားအလာပိတ်ဆို့မှု ကို ဇင်ဘာဘွေနိုင်ငံတွင် လက်ရှိ ချမှတ်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို