တနိုင်း  ၇  ဧပြီ

 

ကချင်ပြည်နယ် တနိုင်းမြို့နယ်၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ တနိုင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူပေါင်း၍ ယမန်နေ့ နံနက်(၉)နာရီက တနိုင်းမြို့ဈေးတန်းများတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ပညာပေးစာစောင်များ၊ လက်သန့်ဆေးရည်များ၊ နှာခေါင်းစည်းများဖြန့်‌ဝေပေးခြင်း၊ ပိုစတာများ ဈေးတန်းအတွင်းကပ်ပေးပြီး အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

 

 

3125

 

တနိုင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အေးအေးသန်းနှင့် အဖွဲ့မြို့နယ် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦးတို့သည် တနိုင်းမြို့ ဈေးတန်းများရှိ ဈေးရောင်းချသူများနှင့် ဈေးအလုပ်သမားများ၊ ဈေးပတ်ဝန်းကျင်ရှိ အနှေးယာဉ် လုပ်သားများ၊ ကာယလုပ်သားများအား ကိုဗစ်-၁၉ အဆုတ်ရောင် ရောဂါဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းပညာပေးခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ၊ လက်သန့်ဆေးရည်များ၊ နှာခေါင်းစည်းများကို ဖြန့်ဝေပေးပြီး ပိုစတာများကို ဈေးတန်းအတွင်း ကပ်ပေးခြင်း အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

 

3322

 

အဆိုပါ အဖွဲ့က နှာခေါင်းစည်းခုရေ (၂၅၀)၊ ပညာပေး လက်ကမ်းစာစောင် (၅၀ဝ)နှင့် လက်သန့်ဆေးရည်ဘူး (၄၀)တို့ကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

ဝါဝါ(ပြန်/ဆက်)

 

4060