မိုးနဲ ၇ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ၀) ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမွန်းလိန်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် တို့က အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမွန်းလိန် ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ၀ ကို ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများမှ တာဝန်ရှိသူများထံ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ကျပ်သိန်း ၁၀ဝ၀ ကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် လမ်းလုပ်ငန်း ၁၄ ခု ၊ရေရရှိရေး လုပ်ငန်း ၂ ခု၊ လမ်းတံတားလုပ်ငန်း ၅ ခု၊ အထွေထွေဖွံ့ဖြိုးရေး လုပ်ငန်း ၃ ခု စုစုပေါင်း လုပ်ငန်း ၂၄ ခုကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းတစ်ခုချင်းစီ ကျသင့်ငွေ၏ ၅၀ ရာခိုင်နှုန်းကို ပထမအရစ်အနေဖြင့် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


