နေပြည်တော် ၇ ဧပြီ

 

အမြန်လမ်းမကြီးတစ်လျှောက် အသုံးပြုသွားလာလျက်ရှိသည့် ခရီးသည်တင် Express ယာဉ်များသည် ခရီးသည် ပို့ဆောင်ပြေးဆွဲခြင်းကို ဧပြီ ၇ ရက်မှစ၍ ရပ်နားထားရှိမည် ဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရှိရသည်။

 

ထိုသို့ ခရီးသည်တင်ယာဉ်များ ရပ်နားမှုကြောင့် အမြန်လမ်းမကြီးတွင် အသုံးပြုသွားလာမည့်ယာဉ်များ အရေအတွက် နည်းပါးပြတ်တောက်သွားမည်ဖြစ်ပြီး အမြန်လမ်းတွင် ခရီးသွားလာမည့် ကိုယ်ပိုင်အိမ်စီးယာဉ်ငယ်များအနေဖြင့် မည်သည့်အကြောင်းဖြင့်ဖြစ်စေ ခေတ္တရပ်နားလိုပါက အမြန်လမ်းမကြီးတစ်လျှောက်ရှိ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲစခန်းနှင့် ရဲကင်းများတွင်သာ ရပ်နားကြပါရန် ခရီးသွားပြည်သူများ အကျိုးရှေးရှု၍ အသိပေးပန်ကြားထားသည်။

 

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ရဲစခန်းများသည် ပျမ်းမျှ မိုင် (၂၀) ခန့် အကွာတွင် လည်းကောင်း၊ ရဲကင်းများသည် ပျမ်းမျှ (၅)မိုင်ခန့် အကွာတွင် လည်းကောင်း တည်ရှိကြောင်းနှင့် ၀၉-၄၂၀၈၈၈၈၀၁ မှ ၀၉-၄၂၀၈၈၈၈၇၀ အထိ ဖုန်းအရေအတွက် ၇၀ မှ အဆင်ပြေရာ နံပါတ်တစ်ခုခုကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

MDN

Ref: အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး