လယ်ဝေး ၇ ဧပြီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူလယ်သမားကြီးများ လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးမှုကြောင့် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် လယ်ယာသုံးစက်ကိရိယာများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

217456987

 

လယ်ဝေးမြို့ အမှတ်(၄၇) စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် လယ်ဝေးမြို့နယ်အတွင်း စနစ်တကျလယ်ယာမြေ ဖော်ထုတ်ခြင်း၊ တောင်သူပိုင် လယ်ယာသုံးစက်ကိရိယာ ပြင်ဆင်ခြင်း ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးစန်းမျိုးထက်နှင့် ဝန်ထမ်းများက ညောင်ပင်အိုင်ကျေးရွာ စနစ်တကျလယ်ယာမြေရှိ တောင်သူဦးသိန်းလွင်၏ လယ်မြေ(၂.၅)ဧကနှင့် ဦးကျောက်ခဲ၏ လယ်မြေ(၂.၅)ဧကတို့တွင် ဌာနပိုင် (KUBOTA) ကောက်စိုက်စက်(၂)စီးဖြင့် စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိသည်။

 

မြို့နယ်(ပြန်/ဆက်)