ပြည် ၇ ဧပြီ

 

 

ပြည်မြို့ သူနာပြုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ Facility Quarantatine Center နှင့် ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ပြည်မြို့နယ် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ ငွေသားနှင့် ‌ထောက်ပံ့ပစ္စည်းများကို မြို့နယ်ကုန်သည်ကြီးများအသင်းရုံး၌ ဧပြီ ၇ ရက်က လှူဒါန်းခဲ့သည်။

 

 

ထိုသို့လှူဒါန်းရာတွင် ပြည်မြို့နယ် Facility Quarantatine Center အတွက် အလှူငွေကျပ် ၁၀ သိန်း၊ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် အလှူငွေ ကျပ် ၂၃၇၃၀၀၀ နှင့် ငွေကျပ် ၇၂၂၀၀၀ တန်ဖိုးရှိ Mask ၁၆၆၀ ခု၊ ငွေကျပ် ၂၀၀၀၀ တန်ဖိုးရှိ ခေါင်းစွပ် ၂၀၀၊ ငွေကျပ် ၂၂၅၀၀၀ တန်ဖိုးရှိ လက်အိတ် ၁၅၀၀ နှင့် ငွေကျပ် ၆၆၀၀၀၀ တန်ဖိုးရှိ PPE ဝတ်စုံ ၂၂ စုံ စုစုပေါင်း ငွေကျပ် ၁၆၂၇၀၀၀ တန်ဖိုးရှိသော ဆေးဘက်ဆိုင်ရာ ထောက်ပံ့ပစ္စည်းများနှင့် ငွေသားတို့ကို မြို့နယ်ကုန်သည်ကြီးများအသင်းရုံး၌ ဧပြီ ၇ ရက် နံနက် ၁၀ နာရီက ပြည်မြို့နယ် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မင်းမင်းမောင်တို့ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မျိုးကျော်ကြီး(ပြန်/ဆက်)