ကျိုင်းလပ် ၇ ဧပြီ         

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့၌ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် PPE ဝတ်စုံနှင့် Hand Jel (၃)ဘူးကို ယနေ့နံနက် ၁၀ နာရီက ကျိုင်းလပ်မြို့ ပြည်သူ့ဆေးရုံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

 

ထိုသို့ပေးအပ်လှူဒါန်းခြင်းကို ဒေါ်နန်းခမ်းလီ၊ ဒေါ်နန်းစီနွန်း၊ ဦးစိုင်းနွဲ့ (တပင်ရွှေထီးဆီဆိုင်) မိသားစုမှ PPE ဝတ်စုံ ၁၀ စုံနှင့် စည်ပင်သာယာရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းလွင်ဦးက Hand Jel (၃) ဘူးကို ပေးအပ်လှူဒါန်းရာ ဒေါက်တာရာဂျန်းက လက်ခံခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဒေါက်တာရာဂျန်းက ကျိုင်းလပ်မြို့ ပြည်သူ့ဆေးရုံသို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အမှန်တကယ်လိုအပ်နေတဲ့ပစ္စည်းများ ဝိုင်းဝန်းလှူဒါန်းပေးကြသော စေတနာရှင်၊ အလှူရှင်များကို ဝမ်းသာဂုဏ်ယူမိပါကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ကျိုင်းလပ် (ပြန်/ဆက်)