နေပြည်တော် ၇ ဧပြီ
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် Unilever ကုမ္ပဏီလီမီတက်မှ တာဝန်ရှိသူတစ်ဦးတို့က လှူဒါန်းရသည့် အကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး(၂) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး လှူဒါန်းသည့် လှူဒါန်းငွေများ၊ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများကို အကျိုးရှိထိရောက်စွာ အသုံးချသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) နှင့် ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန)တို့က အလှူရှင်များ ပေးအပ်လှူဒါန်းမှုများကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယနေ့ လှူဒါန်းပွဲတွင် ပညာရေးဝန်ကြီးဌာနက ငွေကျပ် (၃၇) သိန်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများက ငွေကျပ် (၁၉) သိန်း၊ ဦးမောင်ကြူ (OK ဂျုံမုန့်) + ဒေါ်သန်းသန်းဌေး၊ သား၊ သမီး၊ မြေးများနှင့် ဝန်ထမ်းများက ငွေကျပ်သိန်း (၁,၁၀၀)၊ ဦးဝင်းမြင့်မောင် မိသားစုနှင့် သူငယ်ချင်းမိသားစုများက ငွေကျပ်သိန်း (၅၀၀)၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းက ငွေကျပ်သိန်း(၁၀၀)၊ ဝါဏိဇ္ဇဘွဲ့ရများအသင်း (မြန်မာနိုင်ငံ)နှင့် စေတနာရှင်များက ငွေကျပ်သိန်း (၁၀၀)၊ ဦးအောင်လင်း+ ဒေါ်စန်းစန်းမြင့် သား ဦးမျိုးသန့်၊ ဒေါက်တာဇေယျာလင်း၊ မင်းထင်ပဲငံပြာရည်လုပ်ငန်းက ငွေကျပ်သိန်း (၂၀၀)၊ Unilever ကုမ္ပဏီလီမီတက်က ငွေကျပ်သိန်း (၂,၂၀၀)ခန့်တန်ဖိုးရှိ သန့်ရှင်းရေးသုံးပစ္စည်းများ၊ RVK ကုမ္ပဏီလီမီတက်က ငွေကျပ်သိန်း (၁၀၀)ခန့်တန်ဖိုးရှိ ဆေးပစ္စည်းများ၊ Nebular ကုမ္ပဏီလီမီတက်က ငွေကျပ်သိန်း (၅၀)တန်ဖိုးရှိ Mask (၁၅,၀၀၀)ခု၊ စော်ဘွားလေးဘိုဘိုမောင် မိသားစုမှ ငွေကျပ်(၁၅)သိန်းတန်ဖိုးရှိ တစ်ကိုယ် ရည်ရောဂါကာကွယ်ရေးဝတ်စုံ (၄၀)နှင့် လက်သန့်စင်ဆေးရည်များ၊ ဦးအောင်ဇော်ဝင်း မိသားစုက ငွေကျပ်(၇)သိန်းခန့်တန်ဖိုးရှိ Mask (၂,၀၀၀)၊ Access Spectrum က ငွေကျပ် (၆၆)သိန်းခန့် တန်ဖိုးရှိ Hand Speaker (၆၀၀) ခု၊ Mr. Fahmid Bhulya (PGMF) က ငွေကျပ်(၁၀)သိန်း၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများက ငွေကျပ် (၁၅) သိန်း၊ Miniso ကုမ္ပဏီလီမီတက် ငွေကျပ် (၁၂ ဒသမ ၇၅) သိန်း တန်ဖိုးရှိ Surgical Mask and N95 Mask များ၊ MT Golden Denise – on Board Myanmar Seafarers & Friends က အမေရိကန်ဒေါ်လာ (၁၀၅၀)၊ Light House မှ ကိုထွန်းဝင်းအောင်နှင့် မောင်နှမများက ငွေကျပ် (၁၀) သိန်း၊ (၁၉၈၂)ခုနှစ် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဘွဲ့ ကျောင်းသူကျောင်းသားများက ငွေကျပ် (၁၅) သိန်း၊ AA Medical က ငွေကျပ် (၁၂၇) သိန်းခန့် တန်ဖိုးရှိ Oxygen Concentrator (၂၀)၊ ဟန်စိန်သန့် ကုမ္ပဏီက ငွေကျပ်သိန်း (၁၅၀)တို့ကို လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်


