(၈-၄-၂၀၂၀) ရက်နေ့
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-17) နှင့် (Case-16) သေဆုံးမှုနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည် -
၁။ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် နေထိုင်သော (၂-၄-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရသဖြင့် ဓာတ်ခွဲအတည်ပြုလူနာ (Case -17) အဖြစ် ကြေညာခဲ့သည့် အသက် (၄၇) နှစ်အရွယ် သွေးတိုးရောဂါ အခံရှိသူ အမျိုးသားတစ်ဦးအား (၂-၄-၂၀၂၀) ရက်နေ့၊ ညတွင် ပြည်သူ့ဆေးရုံ၊ ပြည်မြို့တွင် ကုသမှုပေးခဲ့ပါသည်။
အဆိုပါလူနာသည် (၆-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ချောင်းဆိုးသွေးပါခြင်း၊ မောပန်းခြင်း စသည့်လက္ခဏာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပြည်မြို့ရှိ အထူးကြပ်မတ်ကုသခန်းသို့ ပြောင်းရွှေ့ကုသမှု ခံယူစေခဲ
သေဆုံးရသည့် အကြောင်းအရင်း (Cause of Death) မှာ ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းနှင့် သွေးတိုးရောဂါ အခံတို့ကြောင်
၂။ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင်နေထိုင်သ
(၈-၄-၂၀၂၀) ရက်နေ့တွင် အဆိုပါလူနာမှာ အပြင်းဖျားခြင်း၊ သတိကောင်းစွာမရခြင်း၊ သွေးပေါင်ချိန်ကျဆင်းခြင်း ဝေဒနာများခံစားခဲ့ပြီး ဝေဘာဂီ အကူးကုဆေးရုံကြီးရှိ ပါမောက္ခ သမားတော်ကြီးများ ပါဝင်သောအဖွဲ့မှ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သော်လည်း လူနာ၏ အခြေအနေမှာ သက်သာလာခြင်းမရှိဘဲ (၈-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၅) နာရီ အချိန်တွင် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ သေဆုံးရသည့် အကြောင်းအရင်းများ (Causes of Death) မှာ -
(၁) ရုတ်တရက် နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားပုပ်သွားခြင်
(၂) ပြင်းထန်အဆုတ်ရောင်ရောဂါ (Severe Pneumonia)
(၃) အမျိုးအစား (၂) ဆီးချိုရောဂါနှင့် နာတာရှည် ကျောက်ကပ်ရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါ အခံရှိခြ
Ref; Ministry of Health and Sports, Myanmar


