မကွေး ၈ မတ်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ (စတုတ္ထအကြိမ်) လှူဒါန်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လှူဒါန်းရရှိခဲ့မှုများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးအတွင်း စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြောကြားခဲ့သည်။
အဆိုပါလှူဒါန်းမှုတွင် Max Highway ကုမ္ပဏီမှ ဆန်အိတ် (၁၀၀၀)၊ 5BB မှ PPE ဝတ်စုံ(၁၀၀)နှင့် Mytel ကုမ္ပဏီမှ Face Mask (၁၀၀၀) ကိုလည်းကောင်း၊ ဦးဝင်းဗိုလ်၊ ဒေါ်အေးပိုက် (ဝင်း) အိမ်ဆောက်ပစ္စည်း မိသားစုမှ အလှူငွေကျပ် ငါးသိန်း၊ Ever Sunny Industrial ကုမ္ပဏီမှ Hand Gel ၁၅ ဘူး၊ ဆန်းဒေးကော်ဖီမစ်၊ တီးမစ် (၂၀) ထုပ်ပါ စက္ကူ ၃ ပုံးနှင့် ငွေကျပ် ဆယ်သိန်းကိုလည်းကောင်း၊ ဦးမိုးကျော်သန့်၊ ဒေါ်ဖြူလတ်မို့မို့ မိသားစုမှ ကုမ္ပဏီမှ Hand Gel 525 ml (၁၀၀)ဘူးနှင့် အလှူငွေကျပ် ငါးသိန်းနှင့် ဒေါက်တာဘိုဘိုမောင် (စော်ဘွားလေးဘိုဘိုမောင်) မှ PPE ဝတ်စုံ (၂၀) Hand Gel ၂၂ ဘူးနှင့် Mask (၁၀၀) ခုတို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အသီးသီးပေးအပ် လှူဒါန်းကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


