တကောင်း ၈ ဧပြီ
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့အဝင်/အထွက်နှင့် မြို့နယ်အတွင်း မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား နေ့စဉ်မပျက် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ မော်တော်ရေယာဉ် ဆိပ်ကမ်းများနှင့် လူစည်ကားသော နေရာများ တွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ နံနက် ၇ နာရီမှ ည ၁၀ နာရီအထိ ဖြတ်သန်းသွားလာသူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကိုကိုအောင်(တကောင်း)


