မြစ်သား  ၉  ဧပြီ  

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် “ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ဖို့ လူတိုင်း နှာခေါင်းစည်း (Mask)တပ်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပြည်သူများတိကျစွာလိုက်နာနိုင်ရေးအတွက် မြို့နယ် SRT အဖွဲ့မှ ဦးဆောင်၍   Mask Campaing ပြုလုပ်ခြင်းကို  ယနေ့နံနက် ၈နာရီမှစတင်ကာ မြစ်သားမြို့အဝင်၊ ဘိုးဘွားရိပ်သာအနီးနှင့် ရွှေပေါ်ကျွန်းရွာအဝင်  (မန်းပီတိ)တို့တွင် ဆောင်ရွက်ခဲ့ကြသည်။

 

ကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးအတွက် ပြည်သူများအားလုံး Mask မဖြစ်မနေ တပ်ရန်လိုအပ်သောကြောင့် မြို့နယ်အတွင်း ဝင်/ထွက် သွားလာ လျှက်ရှိသည့် ခရီးသွားပြည်သူများအား ယခုလို Mask နှင့်လက်ကမ်းစာစောင်များဝေငှခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်သန့်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ နှာခေါင်းစည်း(Mask) များအခမဲ့ဖြန့်ဝေရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လင်းလင်းကျော်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊မြို့နယ် SRTဉက္ကဋ္ဌ ဦးအောင်မိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ် SRTအဖွဲ့ဝင်များ၊ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးအဖွဲ့များ၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များမှ  ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဆုမွန်(မြစ်သားပြန်/ဆက်)