ဘုတလင် ၉  ဧပြီ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများနှင့် ပုတ်ပြတ် လုပ်သားများအား ဧပြီလ(၈)ရက်၊ ညနေပိုင်းက ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒေါ်ခိုင်ခိုင်စိုးထံမှ သိရသည်။

 

ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒေါ်ခိုင်ခိုင်စိုးက မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ကာလတွင် ဝန်ထမ်းများနှင့် ပုတ်ပြတ်လုပ်သားများကို ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ နှစ်စဉ်ထောက်ပံ့ပေးမှုနှင့် ထောက်ပံ့ပေးသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်စည်ပင်သာယာရေး ကော်မတီ အမှုဆောင်အရာရှိ ဒေါ်ခိုင်ခိုင်စိုးနှင့် တာဝန်ခံ အင်ဂျင်နီယာ ဒေါ်ချစ်ငယ်ငယ်ထွန်းတို့က ဝန်ထမ်း(၂၀)နှင့် ပုတ်ပြတ်လုပ်သား(၅)ဦး အတွက် တစ်ဦးလျှင် ဆန်လေးပြည်၊ ဆီတစ်ပိဿာ၊ ကြက်ဥ(၁၀)လုံး၊ ငါးသေတ္တာဘူးနှင့် အချိုရည်ဘူးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါဆန်နှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာသို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒေါ်ခိုင်ခိုင်စိုး၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ချစ်ငယ်ငယ်ထွန်း၊ ဝန်ထမ်းများနှင့် ပုတ်ပြတ်လုပ်သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)