မြန်အောင် ၉ ဧပြီ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် မြန်အောင်မြို့နယ် လဟာပေါက်အုပ်စု ဧက(၁၀၀) စံပြလယ်ယာမြေ ကုန်ထုတ်လမ်း အမှတ်(၁) ချောင်းကျောက်ခင်းခြင်း လုပ်ငန်းနှင့် ကွန်ကရစ်တံတားတည်ဆောက်ခြင်း ဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက်က ခရိုင်ဦးစီးအရာရှိ ဦးအောင်သက်ရှည်မှ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်နှင့်တာဝန်ခံအင်ဂျင် နီယာတို့က လုပ်ငန်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်ဦးစီးမှုးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွန်းနှင့်အညီ သတ်မှတ်ရက်အတွင်း ပြီးစီးရေးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင်


