မန္တလေး ၉ ဧပြီ
မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားသူကြီးများက မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် အထူးတရားရုံးများမှ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများအား မြန်မာ့နှစ်သစ်ကူးအကြို ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ရာတွင် တရားရေးအရာရှိများနှင့် အမှုထမ်းများ စုစုပေါင်း ၉၁ ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ သုံးသောင်းကျပ်စီဖြင့် ၂၇ သိန်းကျပ်တိတိကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


