မိုင်းယု ၉ ဧပြီ ​

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်ငါးမျိုး ဝေငှထောက်ပံ့ပေးနိုင်ရန်အတွက် စာရင်းကောက်ယူခြင်းကို ဧပြီ ၉ ရက်က အပြီးကောက်ယူနိုင်ခဲ့သည်။

 

အဆိုပါစာရင်များကောက်ယူရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးကာ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရပ်မိရပ်ဖများက မိုင်းယုဒေသတွင်းရှိ အမှန်တကယ်လိုအပ်နေသော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ၏ အိမ်ထောင်စုစာရင်းနှင့် လူဦးရေစာရင်းများအား မြို့မရပ်ကွက်၊ တာကြန့်ကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာအုပ်စုနှင့် ဒါန်းနွဲ့ကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူ အိမ်ထောင်စု ၅၇ စုမှ လူဦးရေ ၁၆၁ ဦးနှင့် ရွှေ့ပြောင်းလုပ်သား အိမ်ထောင်စု ၃၂ စုမှ လူဦးရေ ၉၅ ဦးဖြစ်ရာ စုစုပေါင်း အိမ်ထောင်စု ၈၉ စုမှ လူဦးရေ ၂၅၆ ဦးတို့ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း မိုင်းယုအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရပြီး အဆိုပါ မိသားစုများအား ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ဆား ၅၀ ကျပ်သား၊ ကြက်သွန်နီ ၁ ပိဿာ စသည့် အခြေခံစားကုန် ၅ မျိုးကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုကိုနိုင်(မိုင်းယု)