မုံရွာ ၉ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးရှိ ရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများအား သင်္ကြန်ကာလအတွက် အခြေခံစားသောက်ကုန်(၁၃)မျိုး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၅ နာရီက အဆိုပါ တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းကြည်က အဖွင့်အမှာစကားပြောကြားပြီး တပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများအား တာဝန်ရှိသူများနှင့်အတူ သင်္ကြန်ကာလအတွက် အခြေခံစားသောက်ကုန်(၁၃)မျိုးကို အသီးသီးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ယနေ့ အခမ်အနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ  တပ်ဖွဲ့ဝင် (သို့မဟုတ်) စာရေးဝန်ထမ်းတစ်ဉီးလျှင် ၂၀၂၀ ပြည့်နှစ် သင်္ကြန်ကာလအတွက် အခြေခံစားသောက်ကုန်(၁၃)မျိုးအဖြစ် ဆန် (၆)ပြည်၊ ဆီ(၁)ဘူး၊ ဆား(၅၀)ကျပ်သား၊ ကြက်ဥ(၅)လုံး၊ ကုလားပဲ(၂)ဘူး၊ ကြက်သွန်နီ (၁)ပိဿာ၊ အားလူး (၁)ပိဿာ၊ ဂေါ်ဖီထုတ်(၁)ထုပ်၊ ခရမ်းသီး၊ (၂၅)ကျပ်သား၊ ခရမ်းချဉ်သီး (၁)ပိဿာ၊ ရုံးပတီသီး (၂၀)တောင့်၊ ဘူးသီး(၁)လုံးနှင့် ကာဘော်လစ်(၁)ခဲစီ စုစုပေါင်းတန်ဖိုးငွေ ၁၅၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းအင်အား (၂၆၈) ဦးအတွက် ငွေကျပ် ၄၀၂၀၀၀၀ အကုန်ကျခံ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့လက်အောက်ရှိ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ရုံးများရှိ ရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)