မူဆယ် ၁၀  ဧပြီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများအတွက်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဝန်ကြီးဌာနအသီးသီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ကုသရေးအတွက် တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲပြည်သူ့အစိုးရမှ ခန့်မှန်းကာလတန်ဖိုး ကျပ်သိန်း (၆၆၀)ကျော်တန်ဖိုးရှိ အထောက်အကူပြုဆက်စပ်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က တရုတ်-မြန်မာနယ်စပ်၊နန်းတော်ဂိတ်(ဂျယ်ဂေါင်ဘက်ခြမ်း)၌ ပေးအပ်သည်။

 

7804

 

 အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် အထောက်အကူပြုဆက်စပ်ပစ္စည်းများကို ပေးအပ်ထောက်ပံ့ရာတွင် တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲအုပ်ချုပ်ရေးမှူး မစ္စတာဝေကမ်း၊ ရွှေလီမြို့တော်ဝန် မစ္စတာရှန့်သဖုန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ရာ  မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်‌ပေးအပ်ကာ ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။

 

7829

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ပေးအပ်ထောက်ပံ့မှုများတွင် မန္တလေးတိုင်းဒေသကြီး အစိုးရသို့ နှာခေါင်းစည်း အခု (၂၀ဝ၀ဝ) ၊ အကာအကွယ်မျက်မှန် အခု (၄၀ဝ) နှင့် ဆေးရုံသုံးလက်အိတ် အစုံ(၃၀ဝ၀)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ နှာခေါင်းစည်း အခု(၂၀ဝ၀ဝ)၊ အကာအကွယ်မျက်မှန် အခု (၃၀ဝ)နှင့် ဆေးရုံသုံးလက်အိတ် အစုံ (၂၀ဝ၀)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးသို့ နှာခေါင်းစည်း (၁၀ဝ၀ဝ)နှင့် ဆေးရုံသုံးလက်အတ်အစုံ(၁၀ဝ၀)၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနသို့ နှာခေါင်းစည်း အခု (၁၀ဝ၀ဝ)ခု နှင့် ဆေးရုံသုံးဒီဂျစ်တယ်ပြဒါးတိုင်(၃၀ဝ)ခု၊ စီးပွား/ကူးသန်း ဝန်ကြီးဌာနသို့ နှာခေါင်းစည်း(၁၀ဝ၀ဝ)၊ အလုပ်သမားသို့နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသို့ နှာခေါင်းစည်း(၁၀ဝ၀ဝ)နှင့် ပညာရေးဝန်ကြီးဌာနသို့ နှာခေါင်းစည်း(၁၀ဝ၀ဝ)တို့ကို ပေးအပ် ထောက်ပံ့သည်။ ၎င်းအထောက်အကူပြု စပ်ဆက်ပစ္စည်းအသီးသီးတို့ကို  သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်သည်။

 

 ယင်းပေးအပ်ထောက်ပံ့မှုများတွင် တယ်ဟုန်ပြည်နယ်ခွဲပြည်သူ့အစိုးရမှ မူဆယ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် နှာခေါင်းစည်း(၁၅၀ဝ၀)၊ ဆေးရုံသုံး လက်အိပ် (၂၀ဝ၀)စုံနှင့် ကလိုရင်းပိုးသတ်ဆေးရည် တန်ချိန်(၂)တန် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

မိုင်းဘဉာဏ်(ပြန်/ဆက်)

 

7811