ဟိုပင် ၁၀ ဧပြီ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့အဆင့်ကြီးကြပ်ရေး ကော်မတီထံသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဟိုပင်မြို့ တရုတ်အမျိုးသမီးရေးရာအဖွဲ့ ဉက္ကဋ္ဌ ဒေါ်ရွှေဆိုင်းက ကျပ် ၁၅ သိန်း တန်ဖိုးရှိ PPE ဝတ်စုံ ၁၀ စုံ၊ အပူချိန်တိုင်း ကိရိယာ ၂ ခု၊ ပိုးသတ်ဆေးအမုန့် ၅၀ ထုတ်၊ လက်အိတ်များ၊ ခြေအိတ်များ၊ မျက်မှန်များ၊ အရက်ပျံ၊ Mask ၊ Hand Gel များ၊ စိုးမိုးနိုင်ဆေးဆိုင် မိသားစုမှ ကျပ် ၁၀ သိန်း တန်ဖိုးရှိ PPE ဝတ်စုံ ၂၀ စုံ၊ အပူချိန်တိုင်း ကိရိယာ ၂ ခု၊ ခြေအိတ်များ၊လက်အိတ်များ၊ မျက်မှန်များ၊ အရက်ပျံ၊ Mask ၊ Hand Gel များ၊ ကချင်ပြည်နယ် မိုဘိုင်းလုပ်ငန်းရှင်များအသင်းက ကျပ် ၉ သိန်း တစ်သောင်း တန်ဖိုးရှိ PPE ဝတ်စုံ ၁၅ စုံ၊ Mask၊ လက်အိတ်များနှင့် အလှူငွေ ၂ သိန်းကျပ်၊ ဧမိစံအအေးဆိုင် မိသားစုမှကျပ် ၁ သိန်း၊ ဒေါ်နုနုရီ စက်သုံးဆီအရောင်းဆိုင်မှကျပ် ၁ သိန်း၊ ပန်းသဇင်ကုန်စုံဆိုင်မိသားစုမှ ၁ သိန်းကျပ် စုစုပေါင်း အလှူငွေကျပ် ၁၅ သိန်းနှင့် ကျပ် ၃၄ သိန်း တန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများကို မြို့ကြီးကြပ်ရေးကော်မတီ ဉက္ကဋ္ဌ အုပ်ချုပ်ရေး မှူး ဦးဝေလင်းအောင်နှင့် တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြသည်။
အခက်အခဲရှိတဲ့အချိန် အမှန်တကယ် လိုအပ်နေတဲ့ ကာကွယ်ရေးပစ္စည်းများကို ဝိုင်းဝန်းလှူ ဒါန်းပေးသောကြောင့် အထူးကျေးဇူးတင်ရှိပါကြောင်း မြို့မိမြို့ဖ ဦးတင်ဝင်းက ပြောကြားခဲ့သည်။
တိုးတိုးမေ− ဟိုပင်


