ဟားခါး    
    
ချင်းပြည်နယ်အတွင်း နေထိုင်လျက်ရှိသော   အိမ်ထောင်စုများအနက်  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း  ၂၃၅၈၇ စုအတွက် အခြေခံစားသောက်ကုန်(၅)မျိုးကို ယနေ့မှစ၍  ထောက်ပံ့ခဲ့သည်။

ချင်းပြည်နယ် ဟားခါးမြို့ ဟားခါးထန် မြို့သစ်ရပ်ကွက်ရှိ Cyclone Shelter တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ နှင့် တာဝန်ရှိသူများက ဟားခါးမြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာအသီးသီးရှိ အခြေခံလူတန်းစားများအတွက် အိမ်အရောက်ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာအဆင့် ဖွဲ့စည်းထားရှိသည့် အဖွဲ့ငယ်လေးများက သက်ဆိုင်ရာရပ်ကွက်အလိုက် အိမ်အရောက် ဖြန့်ဝေပေးလျက်သည်။

မြင့်နိုင်စိုး(ပြန်/ဆက်)

 

 

တီးတိန်       

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မဟာသင်္ကနြ်ရုံးပိတ်ရက်အတွင်း ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှထောက်ပံ့ပေးအပ်သည့် အခြေခံစားကုန်(၅)မျိုး ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက လွယ်ဘွာလ်းရပ် ကွက်၊ အမှတ်(၅)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ခန်းမ၌  ပြုလုပ်သည်။

လွယ်ဘွာလ်းရပ်ကွက် နေပြည်သူများအတွက် တစ်အိမ်ထောင်စုလျှင် ဆန် (၈)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ပဲ (၁)ပိဿာ၊ ဆား (၅၀)ကျပ်သား၊ ကြက်သွန်နီ (၁)ပိဿာနှုန်းဖြင့် အိမ်ထောင်စု (၁၆၃)စု အတွက်ယနေ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊အလားတူ မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၅)အုပ်စုမှ အိမ်ထောင်စု (၅၀၆၈)စု အား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)