ဘားအံ ၁၀ ဧပြီ
ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် အောင်မြတ်မိုး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် နွေရာသီတွင် ရေရှားပါးလျက်ရှိသော ဘားအံမြို့နယ် ကော့မူးတာကျေးရွာအုပ်စု ကော့ဝါးဆူးကျေးရွာနှင့် ရေအေးကျေးရွာများသို့ ဧပြီ ၉ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့ပိုင် ဂါလံ ၃၀၀၀ ဆံ့ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်း ပေးခဲ့ကြသည်။
ထိုသို့ သွားရောက်လှူဒါန်းရာတွင် ဘားအံမြို့နယ်၊ ကော့မူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူး ကျေးရွာတွင် နေထိုင်သော အိမ်ထောင်စု ၈၀ စု၊ ကျေးရွာသူ၊ ကျေးရွာသား ၂၀၀ ဦးခန့်အား သောက်သုံးရေများ လှူဒါန်းပေးခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများ အသုံးပြုနိုင်ရန်အတွက် အလျား ၂၅ ပေ၊ အမြင့် ၃ ပေအကျယ် ၆ ပေခန့်ရှိသော ယာယီရေကန် ပြုလုပ်၍ ရေကန်ထဲသို့ သောက်သုံးရေ ဂါလံ ၂၀၀၀ ခန့်အား ဖြည့်သွင်းပေးခဲ့သည်။ အလားတူ ရေအေးကျေးရွာရှိ အိမ်ထောင်စု ၂၅ စု ကျေးရွာသူ၊ ကျေးရွာသား ၇၅ ဦးခန့်အား ရေဂါလံ ၁၀၀ လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


