မိုးကောင်း ၁၀ ဧပြီ

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း သင်္ကြန်ကာလပိတ်ရက်များတွင် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် စားသောက်ကုန်ငါးမျိုးကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးတွင် စတင်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခြေခံလူတန်းစားများအတွက် သင်္ကြန်ကာလပိတ်ရက်များတွင် အခက်အခဲများမရှိစေရန် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကုလားပဲ ၁ ပိဿာ၊ ဆား ၅၀ ကျပ်သားနှင့် ကြက်သွန်နီ ၁ ပိဿာကို ထောက်ပံ့ပေးအပ်ရာ မိုးကောင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၈၃၅၁ စုအတွက် ယနေ့မှစ၍ စတင်ဝေငှပေးလျက်ရှိသည်။

 

ပထမနေ့အဖြစ် အိမ်ထောင်စု ၅၀ အောက် စာရင်းရရှိထားသည့် ကျေးရွာအုပ်စု ၁၄ စုမှ အိမ်ထောင်စု ၃၅၃ စုအတွက် စားသောက်ကုန်ငါးမျိုးကို ဝေငှပေးလျက်ရှိကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)