ရေစကြို  ၁၀  ဧပြီ

 

ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၈၉ အုပ်စုတွင် ဆန်နှင့် ရိက္ခာထောက်ပံ့ရန် မြို့နယ် စီမံခန့်ခွဲမှုကော်မတီက ယနေ့ နံနက် ၁၁ နာရီခွဲတွင် မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများကို ဖြန့်ဝေရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ရေစကြိုမြို့နယ်တွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၁၄၁၅၀ စု၊ လူဦးရေ ၆၇၂၇၀ ဦးအတွက် ဆန်အိတ် ၄၇၁၆ ဒသမ ၆၇  အိတ်နှင့် ဆီ ၇၀၇၅ ပိဿာ၊ ပဲ ၁၄၁၅၀ ပိဿာ၊ ဆား ၇၀၇၅ ပိဿာ၊  ကြက်သွန်နီ ၁၄၁၅၀ ပိဿာတို့ကို နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့်  ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

နွယ်နွယ်အောင်(ပြန်/ဆက်)

 

8511