ပင်လောင်း  ၁၀  ဧပြီ  

 

ကျေးရွာများတွင် နွေရာသီသောက်သုံးရေရှားပါး ပြတ်လပ်မှုမရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ပူးပေါင်း၍ ရေလိုအပ်သည့် ကျေးရွာများသို့ ယနေ့နံနက်ပိုင်းတွင် သောက်သုံးရေများ သွားရောက်ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ သောက်သုံးရေပေးဝေလှူဒါန်းရာ၌ လဲလောင်းကြီးကျေးရွာတွင် အိမ်ခြေ (၁၅၅)အိမ်၊ လူဦးရေ (၈၃၃)ဦး တို့အတွက် သောက်သုံးရေ ဂါလံ(၃၆၀၀)နှင့် ပင်ကျိုင်ကျေးရွာတွင် အိမ်ခြေ(၁၁၀)အိမ်၊ လူဦးရေ (၅၆၈)ဦးအတွက် သောက်သုံးရေ ဂါလံ(၁၀၀၀)ကို သွားရောက်ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

 

သောက်သုံးရေများ အခက်အခဲကြုံလာပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း ၀၈၁- ၅၄၄၄၅၊ ၀၉-၂၅၀၇၈၅ ၅၂၃ ထံသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရသည်။

 

(မြို့နယ်ပြန်/ဆက်)