(၁၀-၄-၂၀၂၀) ရက်နေ့၊ ည (၈:ဝ၀) နာရီ

၁။        ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ၍ ထိရောက်စွာ ကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်၍ အသွားအလာ ကန့်သတ်ခြင်း၊ လိုအပ်ပါက ဆေးရုံတက်ရောက် ကုသမှုခံယူနိုင်စေရေး ဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များရရှိနိုင်ရေးအတွက် နေ့စဉ်သတင်းထုတ်ပြန်ခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

၂။         (၉-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီမှ (၁၀-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီအထိ စောင့်ကြည့် လူနာ အသစ် (၅၁) ဦး ရှိပါသည်။

၃။        စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခံရသူများ၏ ဓာတ်ခွဲအဖြေများ ရရှိပါက ဆက်လက်သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။ 

၄။        သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးရုံများတွင် လက်ရှိတွင် သီးခြားထားရှိ ကုသမှုခံယူနေသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် (၂)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၄) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီးမှ ဝေဘာဂီအထူးက ုဆေးရုံကြီးသို့ လွှဲပြောင်းသည့် လူနာ (၁) ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းသည့် လူနာ (၂) ဦး၊ မွန်ပြည်နယ်၊ ကျိုက်မရော ပြည်သူ့ဆေးရုံမှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းသည့် လူနာ (၁)ဦး၊ စုစုပေါင်း (၂၁)ဦးတို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ကုသခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၅။        ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၀-၄-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၇)ဦး တွေ့ရှိလာရပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။