ပင်လုံ  ၁၀  ဧပြီ

 

ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်()ပြည်၊ ဆီ (၅၀)ကျပ်သား၊ ဆား(၅၀) ကျပ်သား၊ ပဲ တစ်ပိဿာနှင့်  ကြက်သွန်နီ တစ်ပိဿာ စုစုပေါင်း ထောက်ပံ့ကူညီမှု () မျိုးစီကို ယနေ့ မွန်းလွဲ ၃ နာရီမှ စတင်၍ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက် () နယ်မြေ () - () နေထိုင်သော အိမ်ခြေစုစုပေါင်း (၁၀၁) အိမ်အား အခမဲ့ ထောက်ပံ့ဖြန့်ဖြူးပေးခဲ့သည်။

 

mdn

 

ထိုသို့ပေးအပ်ရာတွင် လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမြထွေး၊ လွိုင်လင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် တာဝန်ရှိသူများက မြေပြင်၌ စာရင်းကောက်ယူထားသည့်အတိုင်း ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော မိသားစုများ၊ အမှန်တကယ် လိုအပ်ချက်ရှိသည့် မိသားစုများအား အခမဲ့ ထောက်ပံ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

နန်းမြင့်မြင့်ဆွေ(ပြန်/ဆက်)

 

mdn