နေပြည်တော် ၁ဝ ဧပြီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဧပြီ ၈ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည့် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါဘေး ရင်ဆိုင်နေရစဉ် ကာလအတွင်း စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု ခံယူလိုသူများအနေဖြင့် ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးသို့ ဆက်သွယ်ရမည့် Telenor ဖုန်းနံပါတ်(၀၉-၇၇၀၇၇၇၀၀၀) အစား Telenor ဖုန်းနံပါတ် (၀၉-၇၇၀၆၇၇၀၀၀) သို့ ပြောင်းလဲဆက်သွယ်၍ နှစ်သိမ့်ဆွေးနွေးမှု ခံယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်


