ပဲခူး ၁၁ ဧပြီ

 

ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါကုသနိုင်ရန် ကျန်းမာရေး အထောက်အကူပြုပစ္စည်း အသက်ရှူစက် (Ventilator) ဝယ်ယူအသုံးပြုနိုင်ရေး အလှူငွေ လာရောက်လှူဒါန်းခြင်းကို ဧပြီလ ၁၀ ရက် နံနက်ပိုင်းက Jiang Nan International Co.,Ltd. မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ Jiang Nan International Co.,Ltd မှ တာဝန်ရှိသူများက ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုရန် အသက်ရှူစက်(Ventilator)ဝယ်ယူရန်အတွက် အလှူငွေ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဝင်းသိန်းထံ အလှူငွေကျပ်သိန်း (၁၀ဝ) ပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ဝန်ကြီးချုပ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

ထို့အတူ ဗုဒ္ဓအသံ ဓမ္မဗိမာန်တွင်ဖွင့်လှစ်ထားရှိသည့် ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ် ကုသရေးကြီးကြပ်မှူကော်မတီရုံးခန်းတွင်လည်း ဘိုးဘွားမိဘများအား အမှူးထားပြီးမချစ်စု(Zebra Bakery)မှ အသက်ရှူအထောက်အကူပြုစက် (Ventilator) ဝယ်ယူရန် အလှူငွေ(၂)သိန်းကျပ်၊ ဦးအောင်အောင်+ဒေါ်မြင့်မြင့်ရှိန် သကြားမင်းအိမ်ဆောက်ပစ္စည်းနှင့် စက်သုံးဆီရောင်းဝယ်ရေးမိသားစုမှ အလှူငွေ(၁၀)သိန်းကျပ်၊ ကိုထွန်းထွန်းနိုင် ရှေ့သို့ဘဲဥပွဲရုံမိသားစု သနပ်ပင်မြို့မှ အလှူငွေ(၅)သိန်းကျပ်၊ ဦးထင်ကျော်မိသားစု ရွှေကျင်မြိုမှ အလှူငွေ(၅)သိန်းကျပ်၊ ဦးသန်းရွှေ Htoo စက်သုံးဆီဆိုင်မိသားစု ပဲခူးမြို့မှ အလှူငွေကျပ်သိန်း(၂၀)၊ ဒေါ်စန်းနွဲ့မိသားစု ကျွန်းသာယာရပ်ကွက် ပဲခူးမြို့မှ(၁)သိန်းကျပ်၊ ဦးနိုင်ဦး မိသားစု(၁)သိန်းကျပ်၊ ဒေါက်တာသန့်ဇင် ရွှေဂဲစည်းစိမ်ဆေးပေါ့လိပ်မိသားစုမှ အလှူငွေ(၅)သိန်းကျပ်၊ ဒေါ်ကျင်မြ မင်္ဂလာသောင်းပုံနှိပ်တိုက်မိသားစုမှ အလှူငွေ(၁၀)သိန်းကျပ်တို့ကို ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကြီးကြပ်မှူကော်မတီရုံး အဖွဲ့ခေါင်းဆောင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေထံ အသီးသီးလာရောက်လှူဒါန်းသွားကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

mdn