ဆိပ်ဖြူ ၁၁ ဧပြီ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ကူညီထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်(၅)မျိုးအနက် ဆန်းအိတ်များကျု ဧပြီ ၁၀ ရက် မွန်းလွဲ ၂ နာရီ ခွဲအချိန်မှ စတင်၍ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးကော်မတီများထံသို့ ဖြန့်ဖြူးဝေငှပေးသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကိုရိုနာ ဗိုင်းရပ်(စ်) (ကိုဗစ်-၁၉)ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးနှင့် မဟာသင်္ကြန် ကာလရက်များတွင် ရပ်ကွက်/ကျေးရွာများ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နေထိုင်စားသောက်မှု စားဝတ်နေရေးအဆင်ပြေစွာဆောင်ရွက်နိုင်စေရန် အခြေခံစားသောက်ကုန်များဖြစ်သည့် (ဆန်း ၊ဆီ ၊ဆား၊ပဲနှင့် ကြက်သွန်နီ ) အခြေခံစားသောက်ကုန်မျာကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရမှ ရပ်ကွက်/ကျေးရွာများ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်(၅)ထောက်ပံ့ပေးအပ်ရာတွင် စနစ်တကျ ဝေငှဖြန့်ဖြူးဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် ကိုရိုနာ ဗိုင်းရပ်(စ်)ရောဂါ ကာကွယ်တားဆီးရေးကော်မတီက လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ၊ ရပ်မိရပ်ရပ်ဖ များ ပါဝင်သော စားသောက်ကုန်ပစ္စည်း ဝေငှရေးနှင့် စနစ်တကျ လက်ခံထိန်းသိမ်း ဖြန့်ဖြူးကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်၍ ရပ်ကွက်/ကျေးရွာအုပ်စုများမှ တင်ပြသည့် အခြေခံလူတန်းစားအိမ်ထောင်စုစာရင်များကို တိကျမှန်ကန်မှုရှိစေရေးစိစစ်၍ မြို့နယ်ဌာန ဆိုင်ရာများကကြီးကြပ်၍ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၆၄၀၇)စုအား တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည် ၊ဆီ (၅၀)သား ၊ဆား(၅၀)သား ၊ပဲ(၁)ပိဿာ ၊ကြက်သွန်နီ (၁)ပိဿာတို့ကို ဧပြီလ ၁၁ ရက်နေ့ အပြီးစနစ်တကျ ခွဲဝေဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)


