ရေကြည်   ၁၁   ဧပြီ 

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ အခြေခံစားသောက်ကုန်(၅)မျိုးထောက်ပံ့ခြင်းကို ယနေ့နံနက်(၈)နာရီက အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးညွန့် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်ကံညွန့် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် ဆီဆုံကုန်း ကျေးရွာများအား အိမ်တိုင်ရာရောက် ပစ္စည်းများ ထောက်ပံ့ပေးအပ်လျက်ရှိကြောင် းသိရသည်။

 

ထို့ပြင် မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စု စုစုပေါင်း (၄၄)အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုဦးရေအနေဖြင့် စုစုပေါင်း (၇၂၀၄)ရှိပြီး  အိမ်ထောင်စု(၁)စုလျှင် ဆန်(၈)ပြည် ၊ ဆီ (၅၀)ကျပ်သား ၊ ပဲ(၁)ပိသာ ဆား(၅၀)ကျပ်သား ၊ကြက်သွန်နီ (၁)ပိသာ ၊ တို့ကိုဝေငှပေးခဲ့ကြောင်း သိရသည်။

 

အောင်သူဟန် ( ရေကြည် )