ကံမ ၁၁ ဧပြီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ရေရှားပါးသည့် ဇီးဖြူကွင်းကျေးရွာမှ ပြည်သူများနှင့် ကျွဲ၊ နွား တိရစာ္ဆန်များ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ သောက်သုံးရေ ဂါလန် ၂၀၀၀ အား ယမန်နေ့က ကျေးရွာအရောက် သွားရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါကျေးရွာတွင် အိမ်ခြေပေါင်း ၈၁ အိမ်ရှိပြီး လူဦးရေ ၃၃၂ ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


